ငါ
တွေးနေခဲ့
မထူးဆန်းတဲ့အတွေးတွေဘဲ
ငါ
မသိပေမယ့်
တစ်ခုခုကငါ့ကိုလွှမ်းမိုးနေသလိုဘဲ
လိုက်လေဝေးလေ ငါ့အိပ်မက်တွေနဲ့
ရှင်းလေရှုပ်လေ ငါ့ရဲ့အတွေးကမ္ဘာငယ်
အတိတ်တွေထဲမှာ Dateတွေပျောက်နေခဲ့
I don't know where to go when I die
ခံစားချက်များ
အကုန်အဆုံးသတ်သွား
မှာလား
လမ်းများပျောက်နေဆဲပါ
ဒီကမ္ဘာမှာငါ့အတွက်နေရာရှိပါ့မလား
အရင်အချိန်တွေကိုသာနောက်ပြန်ကာသွားခွင့်ရှိရင်
ငါပျော်နေဦးမှာ
ဒီလောကအကျဥ်းထောင်ကြီးထဲမှာ
ငါဟာထွက်ပေါက်တစ်ခုကိုလိုက်ရှာရင်းနဲ့
ငါ့လိုလူတွေအများကြီး
ငါတို့လိုလူတွေအများကြီး
ဒီကမ္ဘာမှာ အဓိပ္ပာယ်မဲ့စွာ
အသက်ရှင်တဲ့သူ
ဘယ်လောက်တောင်ရှိလိမ့်မလဲ
ဒီကမ္ဘာမှာ နာကျင်မှုနဲ့အသားမကျတဲ့သူ
ရှိနိုင်ပါဦးမလား
ဒီလိုဘဲကွာ
ရှင်သန်ရင်းသာ
အချိန်တွေကုန်ဆုံးလာ
ဒီလိုဘဲကွာ
ရှင်သန်ရင်းသာ
ငါသေသွားမှာ
အဆုံးသတ်အရောက်မှာ
အမှတ်တရများပါ
မီးရှိူ့လိုက်ပါ
တကယ်အဆုံးသတ်အရောက်မှာ
ထွက်သွားရတဲ့အခါ
စွန့်လွှတ်နိုင်မလား
ငါ့လိုလူတွေအများကြီး
ငါတို့လိုလူတွေအများကြီး..